MyCars Myanmar

Project Kahn ရဲ့ ပြန်လည် မွမ်းမံထားတဲ့ လက်ရာနဲ့ 2023 Range Rover Signature Edition အသစ်!

Land Rover ကားသစ်တွေ တိုင်းကို အဆင့်မြှင့်တင် ပြင်ဆင်ပေးနေကျအပိုင်းနဲ့ နာမည်ရတဲ့ Project Kahn တို့ ကတော့ အခုဆိုရင် Range Rover ကားသစ်တစ်မျိုး အတွက် Kit အသစ်ကိုပါ ဖန်တီးပေးလိုက် ပါပြီ။ 2023 Range Rover ကိုမှ Project Kahn Signature Edition အနေနဲ့ ထုတ်လုပ်ပေးလာတာဖြစ်ပြီး အမြင်ပိုင်းအရ အပြောင်းအလဲအနည်းငယ်အပြင် အလွိုင်းဘီး အကြီးကြီးတွေကိုလည်း တစ်ပါတည်း ထည့်ပေးလာခဲ့ပါတယ်။

Photo Credit: AllAutoExperts

အဓိကကတော့ အရှေ့ဘက် ဘန်ဘာ Extension က ၃ ဆင့် ထည့်ပေးထား ပြီး Splitter အသစ်ကြောင့်လည်း SUV က မျက်နှာစာ ပိုတိကျ ထင်ရှားတဲ့ ပုံပေါက်လာပါတယ်။ အခု ချပြထားတဲ့ ပုံထဲက SUV တွေ မှာတော့ နှစ်ရောင်စပ် Two- Tone ပုံစံတွေဖြစ်ပြီး အင်ဂျင်စက်ဖုံးနဲ့ Region ပိုင်းတွေကလည်း Satin Black အနက်ရောင် နဲ့ အတော်လိုက်ဖက်လို့ နေတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် Satin Black အနက် ရောင် အမိုးနဲ့အတူ Range Rover ကားကိုမှ Khan ဆိုတဲ့ လက်ရေး Logo လေးကို စက်ဖုံးနဲ့ Tailgate ပေါ်တွေမှာ ရေးပေးထားပါသေးတယ်။

Photo Credit: AllAutoExperts

နောက် တစ်ချက် ထူးခြားတာကတော့ ဘီး ပုံစံအသစ်တွေဖြစ်ပြီး ၂၂ လက်မ ကနေ ၂၄ လက်မ အထိကို ‌ရွေးချယ်လို့ ရဦးမှာဖြစ်ကာ စွမ်းဆောင်ရည်မြင့် ရာဘာတွေကိုလည်း တွဲသုံးပေးထားပါတယ်။ ၂၄ လက်မ အရွယ် ဘီးကတော့ ဈေး အကြီးဆုံးသော ရွေးချယ်စရာဖြစ်ပြီး လေးလုံး စလုံးကို $ 9,885 လောက် အထိကို ကျသင့်နိုင်တာပါ။ ၂၃ လက်မ အရွယ် ဘီးတွေကတော့ အနည်းငယ် ဈေးသက်သာနေပြီး $ 4,191 ကနေ $ 4,434 လောက်အထိ ဈေးရှိပါတယ်။ ကားရဲ့ အရှေ့ဘက်ဘန်ဘာ Extension ပိုင်းကိုပဲ ပြောင်းမယ် ဆိုရင်တော့ ကိုယ်ထည်နဲ့ တစ်ရောင်တည်းကို $ 2,952 ၊ Limited-Edition Carbon-Fiber Model ဆိုရင်တော့ $ 3,689 လောက် အသီးသီး ကျသင့်ကြမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version