MyCars Myanmar

ပုံကြမ်း ထွက်ပေါ်လာပြီ ဖြစ်တဲ့ 2023 Mitsubishi Colt ကားသစ် !

၂၀၂၀ ဇူလိုင်လ လောက်တုန်းက Mitsubishi ကတော့ ဥရောပမှာ ကားသစ် မိတ်ဆက်တာ‌တွေ ထပ်မလုပ် သေးပဲ ခဏ နားထားဦးမယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကတော့ နောက်ပိုင်းမှာ စိတ်ပြောင်း သွားခဲ့ဟန်တူပြီး ၂၀၂၃ အစောပိုင်း လောက်မှာ ASX ကားသစ်ကို Renault နဲ့ ပူးပေါင်းပြီး ချပြလာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါနှစ်ရဲ့ နှောင်းပိုင်းကာလလောက်မှာပဲ Clio ကားကို ပြန်လည် ဆန်းသစ်ဖန်တီး ထားမယ့် Colt ကား ကိုလည်း တစ်ကျော့ ပြန်ချပြလာဖို့ ရှိနေခဲ့ပါပြီ။ အစောပိုင်းမှာ အဆိုပါ Colt ကားသစ် ရဲ့ ပုံရိပ်တစ်ချို့ကို အစမ်းသဘောမျိုး ပြသ တာမျိုးရှိခဲ့ပြီး အခု ဆိုရင်တော့ Kolesa ကနေ ဒီဂျစ်တယ်ကား ပုံရိပ်ကြမ်း တစ်ခုပါ ဖန်တီးပေးလာနိုင်ပြီပဲ ဖြစ်ပါတယ်။ ကုန်ကျစရိတ် ပိုပြီး နည်းပါးစေဖို့ အတွက် ရည်ရွယ် ကာ အခု ကားသစ်ရဲ့ တံခါးဘောင်တွေ ၊ အင်ဂျင်စက်ဖုံးနဲ့ အမိုးတွေ ကအစ ပြောင်းလဲမှုတွေ လုပ်လာဖို့ ရှိနေပါတယ်။ အဓိက ကတော့ သူတို့ရဲ့ Super Mini ကား တစ်စီးကို အသွင်အပြင် ပိုင်းကအစ အများကြီး ပြောင်းသွားတာမျိုးကို လိုချင်နေတာ ဖြစ်ကာ Headlight တွေနဲ့ Taillight တွေကိုလည်း ဒီဇိုင်းတွေ လုံးဝ ပြောင်းလဲလိုက်ပြီး ၊ Grille နဲ့ Bumpers တွေကိုလည်း ပေါင်းစပ်ထားတဲ့အသွင်နဲ့ပြောင်းလဲ ပေးလာပါသေး တယ်။

Teaser ပုံရိပ်တွေထဲ မှာတော့ ကားရဲ့ အနောက်ဘက် တံခါးတွေရဲ့ လက်ကိုင်ကို သာမန်နေရာမှာ မမြင်ရပဲ C-Pillar ပေါ်မှာ ဖွက်ထားတာ အတိုင်းသား မြင်ထား ခဲ့ ရပါတယ်။ အခုလို တံခါး လက်ကိုင် ဒီဇိုင်းအရ ဆိုရင်တော့ Nissan Micra ကားနဲ့ တောင် ခပ်ဆင်ဆင် သွားတူ နေကာ အဆိုပါ Micra ကားကလည်း လာမယ့် ၂၀၂၅ ရောက်ရင် လျှပ်စစ် ကား တစ်စီး ဖြစ်လာတော့မှာပါ။ တကယ်တော့ အခု Mitsubishi Colt ကားသစ် ထွက်လာရင်လည်း ဥရောပမှာ အောင်မြင်မှု ရထားပြီးသား Renault Clio ကား ရဲ့ အခြေအနေ ကို ဘယ်လောက်အထိ ထိုးဖောက် ကျော်တက် နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Teaser ပုံတွေထဲ တစ်ခု ထူးခြားတာ ကတော့ Hybrid EV ဆိုတဲ့ တံဆိပ် ကို မြင်တွေ့ ထားရတာပါပဲ။ ဒါကြောင့် အခု 2023 Colt ကားသစ် ကို လျှပ်စစ်စွမ်းအင် အနေနဲ့လည်း မြင်ရဖို့ ရှိလာနိုင်ပြီး Clio E-Tech Hybrid နည်းပညာ ကိုပါ ယူသုံးလာ နိုင်ပါတယ်။ အင်ဂျင် ပိုင်း ကတော့ 1.6 Liter Naturally Aspirated Engine ကိုပဲ လျှပ်စစ်မော်တာနဲ့ ပေါင်းစပ်တာမျိုး ဖြစ်လာနိုင်ပြီး 140 hp အထိ စွမ်းဆောင်ရည် ရှိလာ နိုင်ပါတယ်။ တကယ်တော့ ကားသစ် ရဲ့ အဓိက ဆွဲဆောင်မှု ရှိနိုင်တဲ့ အချက်ကလည်း စွမ်းအင်ချွေတာနိုင်ဖို့ဖြစ်ပြီး ဒီဇယ် အင်ဂျင်တွေရဲ့ နေ့ရက်တွေကလည်း တဖြည်းဖြည်း ကုန်ဆုံးလာတော့မှာ ဖြစ်တာကြောင့် အသုံးပြုသူတွေ အဖို့ အဆင်ပြေစေဖို့ ရည်ရွယ်ထားပါတယ်။ Mitsubishi ရဲ့ အသစ်ထွက်လာမယ့် ကားသစ်တွေ ဖြစ်တဲ့ ASX နဲ့ Colt ကားတွေက ကုမ္ပဏီ ရဲ့ ဥရောပဈေးကွက် ထဲက ပုံရိပ်ကို မြှင့်တင်လာနိုင်ဖို့ ရှိနေပါတယ်။ တကယ်တော့ Mitsubishi က Renault နဲ့ Nissan တို့ရဲ့ ဥရောပ ဈေးကွက်ထဲ ပူးပေါင်း ဆောင်ရွက်မှုတွေ ကို အရှိန်မြှင့်တင်ထားတာ ဖြစ်ပြီး လာမယ့် ၂၀၃၀ အရောက်မှာ အဆိုပါ ကုမ္ပဏီ ၃ ခု ပေါင်းက လျှပ်စစ်ကား သစ် အမျိုးအစား ၃၅ မျိုးထက်မနည်း ထုတ်လုပ်သွားနိုင်ဖို့ စီစဉ်ထားပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version