MyCars Myanmar

ဇွန်လ ၁ ရက်နေ့မှာ Hybrid စနစ်နဲ့ ပွဲထွက်လာမယ့် 2023 Mercedes-Benz GLC Class ကားသစ်!

Weltpremiere des neuen Mercedes-Benz GLC World premiere of the new Mercedes-Benz GLC

ဒီဇိုင်း ပြောင်းလဲ ဆန်းသစ်ထားမယ့် Mercedes-Benz GLC Class ကားသစ် တွေကို အခု လာမယ့် ဇွန်လ ၁ ရက် နေ့မှာ တရားဝင် မိတ်ဆက် ပြသတော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီ ဘက်က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ ဘက် အတည်ပြုချက်အရ ဆိုရင်တော့ အခု ကားကို Hybrid နဲ့ Plug-In Hybrid တွေအဖြစ်ပါ ထုတ်လုပ်ပေးလာမယ်လို့ သိရပြီး Base Model မှာကိုပဲ Turbo 4 Engine သုံးလာ နိုင်တာ ကြောင့် 255 hpနဲ့ 295 lb-ft Torque အထိ စွမ်းဆောင် လာနိုင်ကာ Mild-Hybrid နည်းပညာကြောင့် ထပ်ထည့် လာနိုင်မယ့် 23 hp နဲ့ 147 lb-ft Torque ကြောင့်လည်း ပိုလို့ကို စွမ်းဆောင်ရည် မြင့်လာဦးမှာပါ။ အဆိုပါ Turbo-4 Engine ကိုတော့ GLC 43 နဲ့ GLC 63 AMG Model တွေမှာ ပထမ‌ဆုံး သုံးပေးလာတာ ဖြစ်ပေမယ့် GLC 63 Model ကတော့ Plug-In Hybrid ဖြစ်လာမှာပါ။

Photo Credit: MotorAuthority

အဆိုပါ ကားသစ်တွေကို စမ်းသပ်နေစဉ်တုန်းကတော့ ခဏခဏကို မြင်တွေ့ခဲ့ရပြီး မျိုးဆက်သစ် GLC Class အနေနဲ့ ကတော့ GLB Class ဘက်ကို ရောက်ပြီး ပိုပိုကြီးလာတဲ့ ကားတစ်စီး အနေနဲ့ မြင်ရဖို့ ရှိနေပါ တယ်။ အထူးသဖြင့် အတွင်း ခန်းခပ်ကျယ်ကျယ် အသွင်ကို မြင်ရနိုင်ပြီး BMW X 3 လောက် နဲ့ ထိပ်တိုက် ယှဉ်လာ ရဖို့ ရှိပါတယ်။ Mercedes ရဲ့ MHA Platform ပေါ်မှာ အခြေခံ ထုတ်လုပ်ထားမယ့် အခု ကားသစ် ကတော့ GLC အတွက် လက်ရှိ မော်ဒယ်နဲ့ ကား ကိုယ်ထည်ပိုင်း အတူတူလောက်ပဲ ပွဲထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အခုမျိုးဆက်သစ် ကားကတော့ လက်ရှိ မျိုးဆက်ထက်စာရင် ပိုမိုပေါ့ပါးလာနိုင်တာ သေချာပြီး စတီးအစား အလူမီနီယံတွေပို သုံးပေးထားတာကြောင့်လည်း အလေးချိန်လျော့ကျလာနိုင်တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားရဲ့ အပြင်ပိုင်း ဒီဇိုင်းကတော့ လက်ရှိ ကားတွေမှာ မြင်နေရဆဲ အသွင်ကိုပဲ ဆက်ထိန်းထား လာနိုင်ပေ မယ့် အရှေ့ ဘက်ကတော့ C-Class Sedan အသစ်တွေလိုမျိုး ဒီဇိုင်း ခပ်ဆန်းဆန်း ဖြစ်လာနိုင်ပါတယ်။ အနောက်ဘက်မှာ ဆိုရင်လည်း အလျားလိုက် Taillight တွေကို တပ်ဆင်ပေးထားနိုင်ပြီး ဘေးဘက်ကြည့် မှန်တွေက အစ ယခင် A-Pillar ပေါ်မှာ ရှိရာကနေ အခုဆိုရင်တော့ တံခါးတွေ အပေါ်အထိ ရောက်လာ နိုင်ပါတယ်။ လက်ရှိ မော်ဒယ်တွေထက် ပိုပြီး နိမ့်ကာ ပိုပြီးလည်း ရှည်တဲ့ ကားတစ်စီးအဖြစ် မြင်ရဖို့များပြီး အမိုးကလည်း ခပ်နိမ့်နိမ့် ဖြစ်သွားကာ အနောက်ဘက် ကိုယ်ထည် အချွန်ပိုင်းတွေကလည်း ပိုထွက်နေနိုင် လို့ပဲ ဖြစ်ပါတယ်။ Digital Cockpit ကို အတွင်းခန်းမှာ သုံးလာမယ် ဆိုတာလည်း သေချာပြီး 12.3 လက်မ အရွယ် Digital Instrument Cluster ကို သုံးထားနိုင်ကာ 11.9 လက်မ အရွယ် Touchscreen Infotainment စနစ်ကိုလည်း ပေါင်းထည့် ပေးလာဖို့ရှိ နိုင်ပါတယ်။ ဒါ့အပြင် မာစီးဒီးရဲ့ ‌နောက်ဆုံး သော မျိုးဆက်သစ် MBUX Infotainment System ကိုလည်း တစ်ပါတည်း သုံးပေးလာဖို့ များနေပြီး Matrix LED Headlight ကိုမှ Projection Function ပါလာတာတွေ ၊ AR သုံးထားမယ့် လမ်းညွှန်စနစ် ၊ Head-Up Display ၊ လမ်းကြမ်းပိုင်းအတွက် သီးသန့် Drive Mode တွေကိုလည်း ဒီကားမှာ ပါဝင်လာဖို့ အတွက် မျှော်လင့်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version