MyCars Myanmar

ဈေးအနည်းငယ် တက်လာပေမယ့် ယခင်ထက်တော့ ပိုကောင်းလာတဲ့ 2023 Kia Seltos !

Generated by pixel @ 2022-06-11T18:43:13.459662

Kia Seltos ဆိုတာကတော့ စထွက်ခဲ့ကတည်းက အတော်လေးကို ထူးခြားကောင်းမွန်တဲ့ Subcompact Crossover SUV အနေနဲ့ မြင်ခဲ့ ကြရတာ ဖြစ်ပါတယ်။ ကားက ခပ်သေးသေးထဲ ပါတယ်ဆိုပေမယ့် Jeep ရဲ့ Compass ကားတွေ လိုမျိုး အတော်လေး ကျယ်ဝန်းတဲ့ အတွင်းခန်းရထားပြီး Subcompact နဲ့ Compact တို့အကြား လောက် ရောက်နေခဲ့တာပါ။ ဒါပေမယ့် ကားရဲ့ Dual-Clutch Automatic Transmission ကတော့ ထင်သလောက် မကောင်းထား ပဲအတွင်းခန်း ကလည်း နည်းနည်း ပိုပြီး ပလတ်စတစ် ဆန်တာတွေ ကို မြင်ရပါတယ်။ အခုဆိုရင်တော့ အမေရိက ဈေးကွက် အထိ ဝင်လာတာ ၃ နှစ် ရှိပြီဖြစ်ပြီး အဆိုပါ ကား  လေးကိုတော့ အခုနှစ် ရောင်းဈေးမှာ ယခင်ကထက် ဒေါ်လာရာဂဏန်း လောက် ထပ်တက်လာတာ တွေ့ရ ပါတယ်။ ၂၀၂၃ မော်ဒယ်ကားရဲ့ အမြင့်ဆုံး Trim မှာ ဆိုရင်တော့ $ 400 လောက်အထိ မြင့်တက်လာ ပါတယ်။

Photo Credit: MotorTrend

ဒီ‌ကနေ့ ခေတ် ကားဈေးကွက် ထဲမှာကတော့  ဈေးနှုန်းတွေက ထုတ်လုပ်သူ ဘက်ကရော Dealership တွေ ဘက်ကပါ ဈေးတက် နေခဲ့တာဖြစ်ပြီး Kia အနေနဲ့ ကတော့ Seltos ရဲ့ ဈေးကို ပေးရတာနဲ့ တန်တယ်ဆိုတဲ့ အရသာ ရအောင် ဖန်တီး ပေးထားပါတယ်။ လက်ရှိမှာတော့ ဈေးကွက်ထဲက အလိုချင်ကြဆုံး SUV ကား သေးလေးတွေထဲမှာ Kia Seltos ကလည်း ပါဝင်နေတာ အံ့အားသင့်စရာပါပဲ။ 2023 Model ရဲ့ အရာအ တော် များများကတော့ 2022 Model ဆီက ပြန်လည် ယူဆောင်ထားတာ ဖြစ်ပြီး Nightfall Edition တွေက အစ ပြန်လည် ပါဝင်လာပါတယ်။ အင်ဂျင်ပိုင်းမှာ လည်း 2.0 Liter I-4 Base Engine ကိုပဲ သုံးပေး ထားပြီး Continuously Variable Automatic Transmission ဂီယာ ကိုပါ သုံးထားတာ ဖြစ်ပါတယ်။ နောက်တစ်မျိုး ‌ရွေးချယ်ချင်သေးတယ် ဆိုရင်တော့ 1.6 Liter Turbocharged I-4 Engine နဲ့ Seven-Speed Dual-Clutch Automatic Transmission တို့ကိုလည်း ရနိုင်ပါသေးတယ်။ ကားရဲ့ ဂီယာ အချိန်း နည်းနည်း အကြိုက်မတွေ့ရတာကြောင့် Direct-Clutch Transmission ကို သိပ်မနှစ်သက်ကြပေမယ့် လည်း ကားရဲ့ Turbo စွမ်းဆောင်ရည် အမြင့်ကတော့ ‌ကျေနပ်စရာပါပဲ။ ဈေးနှုန်း မြင့်လာတာကတော့ 2023 Model အနေနဲ့ Nightfall Edition ကိုပဲ ယခင်က $ 28,335 ထက် $ 390 လောက် မြင့်တက်လာခဲ့ ပါတယ်။ ဒ့ါအပြင် အဆိုပါ ဈေးထဲမှာ တော့ Kia ရဲ့ မြင့်တက်လာတဲ့ ပို့ဆောင်ခနှုန်း ဒေါ်လာ ၄၀ လောက် တက်လာတာကိုပါ ထည့်တွက်ထားတာပါ။

Photo Credit: MotorTrend

အခုလို ဈေးတက်တဲ့ ပုံစံတွေကိုပဲ အခြားသော 2023 Seltos ကားတွေမှာပါ ဆက်သုံးထား ခဲ့ပါတယ်။ Base Model ဖြစ်တဲ့ Front-Wheel Drive Seltos S ဆိုရင် 2.0 Liter I-4 Engine နဲ့ CVT Gear တွေကို သုံးထားပြီး အခုဆိုရင် ယခင် ထက် $ 240 လောက် ဈေးပိုတက်လာကာ $ 24,185 အထိ ‌ဈေးရှိလာပါတယ်။ အင်ဂျင်နဲ့ ဂီယာတို့ အတူတူပဲ ဖြစ်တဲ့ 2023 LX AWD ကတော့ $ 390 လောက် ဈေးပိုတက်လာကာ 2.0 Liter နဲ့ CVT Gear တို့ပါလာတဲ့ 2023 Seltos S AWD Version ကတော့ယခင် ထက် $ 240 လောက် ‌ဈေးပိုတက်လာပါတယ်။ EX နဲ့ SX AWD ကားတွေ ကတော့ ယခင် 2022 မော်ဒယ်တူ တွေနဲ့ ယှဉ်ရင် $ 390 လောက် ဈေးပိုတက်လာခဲ့ပြီး အဓိကကွာခြား သွားတာကတော့ အင်ဂျင်နဲ့ ဂီယာ တွေပဲ ဖြစ်လာပါ တယ်။ EX AWD ကားကတော့ 2.0 Liter I-4 Engine ၊ CVT Gear တို့နဲ့ ထွက်လာခဲ့ပြီး SX ကား က တော့ 1.6 Liter Turbo I-4 အင်ဂျင် ၊ Seven Speed DCT ဂီယာတွေ ဖြစ်လာ တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် Trim တစ်ခုစီမှာ $ 240 ဒါမှမဟုတ် $ 390 လောက် အထိပဲ ဈေးတက်လာခဲ့ပြီး အကောင်းဆုံးသော ရွေးချယ်စရာ အနေနဲ့ပဲ ဆက်ရှိ နေတာ ကြောင့် ဈေးက အများကြီး တက်လာတယ်လို့တော့ ဆိုလို့မရပါဘူး။ လက်ရှိ 2023 Version ကတော့ 2022 Version အတိုင်း ကွာလတီ တူတူပဲ ဖြစ်ပေမယ့် ယခင်နဲ့မတူပဲ DCT ဂီယာနဲ့ ပလတ်စတစ်ဆန်တဲ့ အတွင်းခန်းတွေကို အဆင့်မြှင့်တင် ပေးလာခဲ့ရင်တော့ ပိုကောင်း လိမ့် မယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးတက်တာတောင် သက်သာတဲ့ အထဲ ပါနေသေးတဲ့ SUV တစ်စီးမှာ အတွင်းခန်း ကျယ်ကျယ်နဲ့ အခုလို ကားတစ်စီး ရတာကတော့ တကယ် တန်သေးတာပဲ ဖြစ်ပါ တယ်။

Ref: MotorTrend

Exit mobile version