MyCars Myanmar

တက္ကစီနဲ့ အခြားခရီးသည် ပို့ဆောင်ရေးတွေအတွက် သင့်လျော်မယ့် 2023 Kia Niro Plus အသစ်!

Kia ကားကုမ္ပဏီကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ သာမန်ကားကုမ္ပဏီ တစ်ခုဆိုတာထက်စာရင် အနာဂါတ် ရဲ့ ခရီးသွားလုပ်ငန်း အဖြေကို ကောင်းကောင်းပေးနိုင်မယ့် လုပ်ငန်းတစ်ရပ်အဖြစ် နာမည်ရလာနေတာ ဖြစ် ပါတယ်။ ကုမ္ပဏီ ဘက်ကလည်း ဘက်စုံသုံး စွယ်စုံရတဲ့ PBV ကားမျိုးတွေကို ပိုမို ထုတ်လုပ်ပေးဖို့ ရည်ရွယ် ထားတာ ဖြစ်ပြီး လာမယ့် ၂၀၂၅ အရောက်မှာ စတင်ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အဆိုပါ ရည်မှန်းချက်တွေထဲက တစ်စိတ်တစ်ပိုင်း အဖြစ် အထောက်အကူ ပြုပေးနိုင်မယ့် ကားကတော့ အခုအသစ် ထွက်လာတဲ့ Niro Plus ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ တက္ကစီ သမားတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး ယာဉ်အငှားဝန်ဆောင်မှုတွေ အတွက်ပို အဆင်ပြေစေဖို့ ရည်ရွယ်ဖန်တီးထားပြီး သာမန် အပျော်ခရီးတွေ ထွက်ချင်တဲ့ သူတွေအဖို့လည်း ပုံမှန် အတိုင်း ဝယ်စီးလို့ ရပါသေးတယ်။ ယခင် မျိုးဆက်အပေါ်မှာပဲ အခြေခံ ကာ ထွက်ပေါ်လာတဲ့ ကားဆိုပေမယ့် ၀.၄ လက်မ လောက်တော့ ပိုရှည် လာတာကြောင့် ပိုပြီး ကျယ်ကျယ် ဝန်းဝန်း ရှိလာတာကိုတော့ တွေ့ရမှာပါ။ သိသာတဲ့ အပြောင်းအလဲ တစ်ရပ်ကတော့ ပိုပြီးရှည်လျားတဲ့ အမိုး ဖြစ်ပြီး အမြင့်ကလည်း ၃.၁ လက်မ လောက်အထိ ပိုမြင့် လာကာ ခပ်မြင့်မြင့် ၊ ခပ်ကျယ်ကျယ် အတွင်းခန်း ကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခုကားသစ်ကိုတော့ တောင်ကိုရီးယားဈေးကွက်ထဲအပြင် ဩ‌စတြေးလျ အပါအဝင်အခြား‌သော နိုင်ငံတ ကာ ဈေးကွက် ထဲတွေ အထိ ရောင်းချ သွားမယ်လို့ သိရပြီး PHEV အနေနဲ့ ရော EV အနေနဲ့ ပါ ရောင်းချမှာ ဖြစ်ကာ တက္ကစီ ကတော့ EV အနေနဲ့ပဲ ရနိုင်မှာပါ။ အတွင်းခန်း ပိုကျယ်ကျယ် ရစေဖို့ ကားကိုယ်ထည်ကို ရသလောက် ချဲ့ထားပေးတဲ့ အပြင် ပိုပါးတဲ့ တံခါး‌ဘောင်တွေနဲ့ ထိုင်ခုံတွေ ဖြစ်အောင်လည်း စီစဉ်ပေးထား ပါသေးတယ်။ ခရီးသည်တွေအတွက် ပို အဆင်ပြေစေဖို့ ရည်ရွယ်ပြီး B-Pillar ပေါ်မှာလည်း လက်ကိုင်တွေ တပ်ဆင်ပေးထားကာ ကျန်တဲ့အတွင်းခန်း အပိုင်းတွေကတော့ သိသိသာသာပဲကျယ်ဝန်းနေပြီး Kia ကတော့ တက္ကစီအတွက် Version မှာ ဆိုရင် All-In-One သုံး လို့ရမယ့် Display တစ်ခုပဲ ထည့်ပေးထားပါတယ်။ ဒါ့အပြင် Digital Tachograph ၊ တက္ကစီ မီတာနဲ့ လမ်းညွှန်စနစ် တွေအပြင် အသံနဲ့ ထိန်းချုပ်တဲ့ စနစ်တွေ ကိုလည်း ထည့်သွင်းပေးထားပြီး နောက်ပိုင်းမှာလည်း OTA Update တွေပါ ထပ်ရလာ ဦးမယ်လို့ သိရပါ တယ်။

Photo Credit: motor 1.com

လာမယ့် ၂၀၂၅ အရောက် မှာတော့ သူတို့ရဲ့ ပထမဆုံး PBV ကားကို စတင်ချပြလာဖို့ ရည်ရွယ်ထားပြီး အရွယ်အစား အလယ်အလတ် ရှိမယ့် ကားတစ်စီး ဖြစ်လာနိုင်ကာ ဘက်စုံသုံးလာနိုင်ပါတယ်။ Kia အနေနဲ့ ကတော့ အခုလို ဘက်စုံ သုံး ကားဈေးကွက်ထဲမှာ လာမယ့် ၂၀၃၀ လောက်က စလို့ ဦးဆောင်သူတစ် ယောက် ဖြစ်လာနိုင်ဖို့ ရည်မှန်းထား နေပါပြီ။ Niro Plus အနေနဲ့ကတော့ Ray Van နဲ့ စတင်ပူးပေါင်းကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ တုန်းကလည်း တစ်ယောက် တည်းသာ လိုက်ပါနိုင်မယ့် ကုန်ပစ္စည်းတင် ကုန်ကား အသေးအမျိုးအစားတွေကိုလည်း ချပြထားဖူး သေးတာ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version