MyCars Myanmar

လာမယ့် ဩဂုတ်လ ၁၁ ရက်မှာ တရားဝင် ထွက်ပေါ်လာတော့မယ့် 2023 GMC Canyon ကားသစ် !

Close up of wheel and illuminated charge port on 2024 Chevrolet Blazer EV SS in Radiant Red Tintcoat. Preproduction model shown. Actual production model may vary. 2024 Chevrolet Blazer EV available Spring 2023.

ပြီးခဲ့တဲ့ ရက်သတ္တပတ် တုန်းကပဲ Chevrolet Colorado ကားသစ် စတင်ထွက်ရှိမိတ်ဆက်ပေး အပြီးမှာတော့ သူနဲ့ ဆက်စပ်နေတဲ့ 2023 GMC Canyon ကားသစ်ကိုလည်း လာမယ့် ဩဂုတ် ၁၁ မှာတင် မိတ်ဆက်တော့မယ်လို့ GMC ဘက်က အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ Canyon ကားသစ်မှာ လမ်းကြမ်းပိုင်းသီးသန့်  အသားပေးလာမယ့် AT4X ခေါ် Special Edition Package တစ်မျိုးလည်း ပါလာလိမ့်မယ်လို့ ဆိုထားပါတယ်။ အဆိုပါ Package အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ လပိုင်းကတည်းက အတည်ပြုပေးထားတာဖြစ်ပြီး အရွယ်အစား အလယ် အလတ်ရှိတဲ့ GMC Pickup အနေနဲ့ကတော့ ယခင် Sierra 1500 Full-Size Pick Up ကားပြီးရင် ဒုတိယမြောက် အဆိုပါ Package ကိုရတဲ့ ကားလည်း ဖြစ်လာပါတယ်။ GMC ဘက်ကတော့ အဆိုပါ Standard AT4X Version မှာဆိုရင် ၁၇ လက်မအရွယ် Beadlock-Capable ဘီးကြီးတွေ ပါလာမယ်လို့ဆိုထားပြီးအခြားအသေးစိတ် အချက်အလက် တွေတော့ ထုတ်မပြောထားသေးပါဘူး။

Photo Credit: MotorAuthority

AT4X Edition ရဲ့ အသစ်မြင်လာရတဲ့ ပုံရိပ်တွေ ထဲမှာဆိုရင်တော့ LED Light Bar ပါဝင်လာတဲ့ Push Bar ထည့်ပေးထားတာ တွေ့ရပါတယ်။ GMC ဘက်ကတော့ စက်ရုံက မူလထုတ်ပေးထားတဲ့ Lift Kit ပါလာမယ်လို့ ဆိုထား ပေမယ့်လည်း ဘယ်ကားမှာ ပါလာမှာလဲ ဆိုတာ‌ကိုတော့ အတည်မပြုထား နိုင်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ Standard AT4X Version မှာ ပဲပါလာဖို့ များပြီး Edition 1 အနေနဲ့တော့ စတင်မှာယူကတည်း ကိုက မှာယူသူတွေရဲ့ စိတ်ကြိုက် အပြင်အဆင်တွေကို ရွေးချယ်နိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ 2023 Chevrolet Colorado အသစ်လို မျိုးပဲ အပြောင်းအလဲတွေ ပါလာမယ်ဆိုတာ သေချာနေပါတယ်။ ဒီ အတိုင်းသာ ဆိုရင်တော့ အရှေ့ဘက် ဝင်ရိုးကို အရှေ့ဘက် ၂.၉ လက်မ လောက်အထိ ပိုရွှေ့လို့ရလာမယ့် Frame အသစ် နဲ့ ၃.၁ လက်မ လောက် အထိ Wheelbase ချဲ့ထွင်လို့ ရမယ့် လုပ်ဆောင်ချက်တွေပါ ပါလာဖို့ ရှိနိုင်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်း အကူ နည်းပညာမြင့်တွေ ဖြစ်တဲ့ လုပ်ဆောင်ချက် အသစ်တွေ ၊ ပိုကောင်း ပိုအဆင့်မြင့်လာတဲ့ Infotainment System အသစ်တွေနဲ့ အတူ GM ရဲ့ Fill-Size Truck တွေမှာသုံးနေကျ Bolt Pattern အတူတူတွေကိုလည်း အခုကားမှာ မြင်လာရဖို့ ရှိနေပါတယ်။

                                                                                                                                                Photo Credit: MotorAuthority

Colorado ကားလိုပဲ လက်ရှိ Canyon မှာရှိထားတဲ့ Inline-4 V6 Engine စတာတွေနဲ့ Turbodiesel Engine တွေက အစ 2.7 Liter Turbo-4 အင်ဂျင်တစ်မျိုးတည်းနဲ့ပါ အစားထိုးလာဖို့ များနေပါတယ်။ စွမ်းဆောင်ရည်ပိုင်း တွေကတော့ Trim Level အမျိုးမျိုးပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ 2023 Colorado အသစ်တိုင်းမှာတော့ 8-Speed Automatic Transmission ဂီယာ အသစ်တွေကို သုံးပေးထားတာဖြစ်လို့ အခု Canyon မှာလည်း ဒီ အတိုင်းပဲ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Ref: MotorAuthority

(26) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube

Exit mobile version