MyCars Myanmar

ပုံစံအသစ် ST-Line Grade တို့နဲ့ တရားဝင်ထွက်ပေါ်လာတဲ့ 2023 Ford Escape ကားသစ်!

Available early 2023. Preproduction model shown. ST-Line Elite in Rapid Red (extra cost paint). Optional equipment shown.

နာမည်ကျော် Compact Crossover တစ်စီးဖြစ်တဲ့ Ford Escape ကတော့ 2023 Model အနေနဲ့ ဒီဇိုင်းအသစ်တွေရော နည်းပညာအသစ်တွေပါ ပါဝင်လာပြီဖြစ်ပါတယ်။ တစ်ချို့ ဈေးကွက်တွေထဲ Kuga လို့လည်း လူသိများကြတဲ့ လက်ရှိ Escape ကားတွေကိုတော့ ၂၀၂၀ ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ခပ်လုံးလုံး သာမန်ဒီဇိုင်း ရိုးရိုးပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် ကားသစ်မှာတော့ Sport အတော်လေးဆန် တဲ့ အရသာကို မြင်လာရကာ ST-Line Grade ဆိုတဲ့ မျိုးကွဲ အသစ်စက်စက်ကိုပါ ထည့်ပေးလာခဲ့ပါပြီ။ ST-Line ဆိုတာကတော့ ST လိုမျိုး စွမ်းဆောင်ရည်ပိုင်း အသားပေးထားတဲ့ အပြင် ပိုကောင်းတဲ့ Suspension Damping တွေကိုပါ သုံးပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ ကားကို အင်ဂျင်ပိုင်း အမျိုးမျိုး ရွေးချယ်နိုင်မယ့် အပြင် Sport ဆန်ဆန် အရသာတွေကိုလည်း အတွင်းရော အပြင်မှာပါ ထပ်ထည့်လို့ ရဦး မှာပါ။ ကားရဲ့ Grille နဲ့ အနောက်ဘက် Skid Plate Design တွေမှာတင် ယခင်နဲ့ လုံးဝကွဲထွက်လာစေပြီး အနောက်ဘက်မှာလည်း  Spoiler ထပ်ထည့် ပေးလိုက်ပါတယ်။ ဘီးတွေကတော့ ၁၈ လက်မဆိုပေမယ့် ၁၉ လက်မကိုလည်း ရွေးနိုင်သလို စတီယာတိုင် အောက်ခြေပြားဒီဇိုင်းနဲ့ အရောင်တောက်တောက် ဆန့်ကျင်ဘက် Stitch အပြင်အဆင် တွေကိုလည်းတွေ့ရဖို့ ရှိနေတာဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားသစ်ရဲ့ သာမန်အင်ဂျင်ကတော့ 1.5 Liter Turbo-3 ဖြစ်ပြီး 180 hp အထိ စွမ်းဆောင်နိုင်ကာ နောက်ထပ် အမြင့်ဆုံး အင်ဂျင်ဖြစ်တဲ့ 2.0 Liter Turbo-4 Engine ဆိုရင်တော့ 250 hp အထိ ရှိပါလိမ့်မယ်။ ဒါ့အပြင် သာမန် အင်ဂျင်နဲ့ Plug-In Hybrid အမျိုးအစားတွေ ဆိုပြီး ထပ်မံခွဲခြားလို့ရသေးတာလည်း ဖြစ်ပါတယ်။ Hybrid ကားတွေမှာ ဆိုရင်တော့ 2.5 Liter Inline-4 Engine ကိုသုံးပြီး Hybrid နဲ့ တွဲထား တာကြောင့် 200 hp စွမ်းဆောင်ရည် အထိကို ရှိလာခဲ့ပါတယ်။ ဒါ့အပြင် Plug- In Hybrid ကားရဲ့  အင်ဂျင်ဆိုရင်လည်း 210 hp အထိကို စွမ်းဆောင်နိုင်တာ တွေ့ရပြီး 14.4 kWh Battery ကိုပါ သုံးထားသေးတာ ကြောင့် လျှပ်စစ်သီးသန့်ကိုပဲ ၃၇ မိုင်လောက် မောင်းနိုင်မှာပါ။ ကားမှာတော့ Front-Wheel Drive နဲ့ All- Wheel Drive တွေဆိုပြီး Grade အားလုံးမှာ ရနိုင်မှာဖြစ်ပေမယ့် Plug-In Hybrid ကားမှာ ဆိုရင်တော့ Front- Drive  သီးသန့်ပဲ ရနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အဆိုပါ Plug-In Hybrid ကားမှာ ST-Line Grade အသစ်ကိုတော့ ရနိုင်မှာ မဟုတ်ပါဘူး။

Photo Credit: MotorAuthority

Ford တော့ အခုကားသစ်တွေမှာ Standard ပဲ ဖြစ်ဖြစ်အပို ထပ်ဆောင်းထည့်ရင်ပဲ ဖြစ်ဖြစ် အသုံးတည့်မယ့် နည်းပညာတွေ အတော်လေး ထည့်ပေးထားပါတယ်။ ကြိုးမဲ့ Apple CarPlay နဲ့ Android Auto စနစ် ၊ လျှပ်စစ်ပစ္စည်းတွေအတွက် ကြိုးမဲ့ အားသွင်းစနစ် ၊ အသံနဲ့ခိုင်းစေတဲ့ စနစ်တို့အပြင် ၁၂.၃ လက်မအရွယ် Digital Instrument Cluster ၊ ၁၃.၂ လက်မ အရွယ် Infotainment Touchscreen ၊ LED Headlights တွေ ၊ ပတ်ပတ်လည် မြင်နိုင်မယ့် ကင်မရာတွေနဲ့ OTA Update တွေကိုက အစ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ လမ်းဆုံတွေမှာ လမ်းမဘက်ကို ကွေ့ရတဲ့အခမျိုးမှာလည်း အန္တရာယ် ကင်းစေဖို့အတွက် Intersection Assist ဆိုတဲ့ စနစ်ထည့်ပေးထားသလို Blind-Spot Monitor စနစ်ကလည်း လမ်းကြော တစ်ခုကနေ တစ်ခုပြောင်းတာနဲ့ကို သတိ‌ထားစောင့်ကြည့်ပေးနေမှာပါ။ အနောက်ဘက် ထိုင်ခုံတွေကိုလည်း ပိုပြီးကျယ်ကျယ် ထိုင်လို့ ရအောင်ဆွဲဆန့်ခွင့် ပေးထားပြီး သာမန် Fulls-Size Toyota Sequoia မှာပါလာတဲ့ ခုံတွေထက်တောင် ပိုကျယ်တယ် လို့ သိရပါတယ်။ အခု ကားသစ်တွေကိုတော့ ကြိုတင်မှာယူနိုင်နေပြီ ဖြစ်ပြီး လာမယ့်နှစ် အစောပိုင်းမှာ ဈေးကွက်ထဲ ပို့ပေးနိုင် တော့မှာဖြစ်ကာ ထုတ်လုပ်မှုတွေကိုတော့ အမေရိကန်နိုင်ငံ ၊ကန်တက်ကီ ပြည်နယ်ထဲက Ford ရဲ့ Louisville Assembly စက်ရုံကြီးမှာပဲ အခြေစိုက်သွား မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version