MyCars Myanmar

နှစ် ၁၂၀ ပြည့် အထူးထုတ်ကား 2023 Cadillac CT5-V Blackwing !

The opportunity to own the first 2023 Cadillac CT5-V Blackwing 120th Anniversary Edition raised $250,000 at the Barrett-Jackson Palm Beach auction.

Cadillac ကုမ္ပဏီကတော့ သူတို့ရဲ့ နှစ်ပေါင်း ၁၂၀ ပြည့် အထိမ်းအမှတ် အနေနဲ့ စွမ်းဆောင်ရည် အကောင်း ဆုံး ကား တစ်စီးကို မှ Special Edition အနေနဲ့ ထုတ်လုပ် ပေးလာ ခဲ့ပါတယ်။ အဆိုပါ ကားကတော့ 2023 Cadillac CT5-V Blackwing ကားဖြစ်ပြီး အထူးထုတ်ဖြစ်တာကြောင့် အစီးရေ ၁၂၀ အထိပဲ ကန့်သတ် ထားပြီး ကားတစ်စီးချင်းစီ ကိုလည်း Cadillac တည်ရှိ ခဲ့တဲ့ ခုနှစ်တွေ ဖြစ်တဲ့ 1902 ကနေ 2022 အထိ ခုနှစ်တွေကို VIN Number တွေ အဖြစ် သတ်မှတ် ပေးထားပါသေးတယ်။ အဆိုပါ အထူးထုတ် ကားအစီး ရေ ၁၂၀ ထဲကမှ 1902 နံပါတ် နဲ့ ပထမဆုံးကား ကတော့ Cadillac ရဲ့ စတင် တည်ထောင်တဲ့ ခုနှစ်ကို ကိုယ် စားပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာ ကတော့ အဆိုပါ ကား ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ တုန်းက အများ ပြည်သူကို ချပြအပြီးမှာပဲ $ 250,000 နဲ့ Barrett-Jackson Palm Beach  လေလံပွဲမှာ လေလံအောင်သွား တာပါပဲ။

                                                             Photo Credit: MotorAuthority

အဆိုပါ လေလံပွဲကရတဲ့ ပိုက်ဆံအားလုံး ကိုတော့ STEM Education ကို ထောက်ပံ့ ပေးနေတဲ့ SAE Foundation ဆိုတဲ့ အဖွဲ့အစည်းကို လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ Cadillac ဘက်က ဆိုထားပါတယ်။ အခု နှစ် ၁၂၀ ပြည့် အထူးထုတ် ကားသစ် အတွက် ထူးခြားချက် တွေထဲမှာတော့ Cadillac အမှတ်တံဆိပ် လေး တွေကို ထုတ်လုပ်ခဲ့တဲ့ ခုနှစ်အလိုက် ထည့်ပေးထားတာလည်း ပါဝင်ပါတယ်။ အဆိုပါ အမှတ်တရ တံဆိပ်လေးတွေ ကိုတော့ ဘယ်ကားတွေ နဲ့မှ မတူအောင်ကားရဲ့ BPillar နဲ့ စတီယာတိုင်တို့မှာ သက်ဆိုင် ရာ နှစ်အလိုက် လိုက်ဖက်အောင် ထည့်သွင်း ပေးထားတာ ပဲ ဖြစ်ပါတယ်။ Manual ဂီယာအုံရဲ့ ဂီယာထိပ်မှာ လည်း ယခင်တုန်းက အတိုင်း သတ္တုဖောင်းကြွ ပုံစံလေး ပြန်လည်ဖန်တီးပေးထားတာ တွေ့ရမှာပါ။ ဒါ့အပြင် အဆိုပါ အထူးထုတ် ကားတစ်စီး ချင်းစီတိုင်းမှာ Cadillac V-Performance Academy Driving School ရဲ့ အသိအမှတ်ပြု လက်မှတ်တွေကို တရားဝင် ထည့်ပေးထားဦးမှာပဲ ဖြစ်ပါတယ်။

                                                                  Photo Credit: MotorAuthority

အခု Special Edition ကားသစ် တွေရဲ့ အင်ဂျင်ပိုင်းတွေ ကတော့ သာမန် CT5-V Blackwing ကားတွေနဲ့ အတူတူပဲ ဖြစ်ပြီး 6.2 Liter Supercharged V 8 Engine သုံး ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်း ဆောင်ရည်ကတော့ 668 hp နဲ့ 659 lb-ft Torque အထိ ရှိတာဖြစ်ပြီး ၊ Rear-Wheel Drive စနစ် လည်း ပါရှိပါတယ်။ ဂီယာပိုင်း ကတော့ 6-Speed Manual Transmission ဒါမှမဟုတ် 10-Speed Paddle-Shifted Automatic Transmission တွေ ဆိုပြီး ၂ မျိုးထဲက ကြိုက်နှစ်သက်ရာ ရွေးချယ် နိုင် ပါလိမ့်မယ်။ တကယ်တော့ အခု မြင်နေရတဲ့ CT5-V Blackwing ကားနဲ့ သူ့ရဲ့ မျိုးကွဲ V 6 Engine သုံး CT4-V Blackwing ကားတွေကတော့ Cadillac ရဲ့ Internal Combustion အင်ဂျင်သုံး နောက်ဆုံး မျိုးဆက် ကား တွေထဲ အပါအဝင် ဖြစ်လာနိုင်ပြီး မကြာခင်မှာပဲ လျှပ်စစ်ကားတွေ အဖြစ် ကူးပြောင်း ထုတ်လုပ် တော့မှာ ကြောင့်ပဲ ဖြစ်ပါတယ်။ အခု မြင်ထားရတဲ့ CT5-V ကား တွေကတော့ V8 Engine ကားတွေထဲမှာ ဆိုရင် ဝယ်လို့ ကောင်းတဲ့ ကားတစ်စီး ဖြစ်ပြီး Motor Authority ကားမဂ္ဂဇင်း website မှာ ဆိုရင်လည်း ၂၀၂၂ အတွင်း ဝယ်လို့ အကောင်းဆုံးသော ဆန်ခါတင် ကား စာရင်းထဲ ပါရှိထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version