MyCars Myanmar

ဒီဂျစ်တယ် ပုံရိပ်ကြမ်း မြင်ရပြီဖြစ်တဲ့ 2023 BMW X7 !

ကားမော်ဒယ် တစ်မျိုးရဲ့ Mid-Cycle Facelift ကို ထုတ်ပေးပြီဆိုရင် ‌အပြောင်းအလဲ အနည်းငယ်လောက်ပဲ ရှိလာမယ်ဆိုတာအများသိပြီးသားဖြစ်ပေမယ့် အခု BMW X 7 တို့ကတော့ အခုလိုမဟုတ်ပါဘူး။ အကြောင်း ကတော့ ကြိုမြင် ထားရတဲ့ Spy Shots တွေအရ အဆိုပါ Full-Size SUV မှာ ပုံမှန်မဟုတ်တဲ့ Headlight ၂ ခုခွဲ ဒီဇိုင်းကို မြင်နေရတာ ကြောင့်ပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်းအဆိုပါကားရဲ့ တရားဝင် ပုံရိပ်တစ်ခု ပေါက်ကြားလာခဲ့ပြီး အခုဆိုရင် တော့ အဆိုပါပုံကို အခြေခံထားတဲ့ဒီဂျစ်တယ် ပုံကြမ်းကို ဖန်တီးလာနိုင်ခဲ့ပါ ပြီ။ အခြားသော မော်ဒယ် အသစ်တွေမှာ လိုပဲ အခု 2023 BMW X7 မှာလည်း Daytime Running Lights တွေကို အဓိက High/Low Beam မီးတွေနဲ့ ခွဲထုတ်ထားပြီး အပေါ်ဘက်က LED တွေကလည်း L ပုံစံတွေ ဖြစ်လာတာပါ။ ဒါ့အပြင် အခုလို မီးခွက် အထားအသို ပုံစံ အသစ်တွေကို လာမယ့် ၂၀ ရက်နေ့မှာ ပွဲထုတ်လာမယ့် ယခင် Concept ကားအဆင့် XM Plug-In Hybrid ကားမှာ လည်း မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါနေ့ တစ်ရက်ထဲမှာပဲ မျိုးဆက်သစ် 7 Series တွေနဲ့ i7 ကားသစ်တို့ကိုလည်း ကြေညာပေးသွားမှာပါ။

Photo Credit: motor 1.com

BMW ကတော့ သူတို့ ကားတွေရဲ့ Facelift ပိုင်း အပြောင်းအလဲတွေ လုပ်ပေးတဲ့ အခါတိုင်းမှာ Life Cycle Impulse ( LCI ) ဆိုတဲ့ စနစ်ကိုသုံးပြီး နောက်ထပ် ကြီးကြီးမားမား တစ်ခုကိုလည်း ဆန်းသစ် ပေးထားပါ တယ်။ အဲ့ဒါကတော့ အတွင်းခန်းပိုင်းမှာ iDrive 8 စနစ်ကို ပြောင်းလဲ အသုံးပြုလာနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် X7 ကို ဘေးတစ်ဖက် တစ်ချက် ကပ်ရပ်ထားထားတဲ့ Screen ၂ ခု ပြောင်းထည့်ပြီး လုံးဝကို ဇိမ်ခံဘက်ကို သွားတဲ့ SUV တစ်စီး အဖြစ် ဖော်ကျူးသွားဖို့ ရှိနေခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားရဲ့ မျိုးကွဲ X7 M ဖြစ်မလာနိုင် သေးပေမယ့်လည်း XB 7 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Version ကို တော့ Tuning ကုမ္ပဏီ Alpina က ‌‌ဖန်တီးပေးထားပြီးပါပြီ။ ဒါပေမယ့် အဆိုပါ ကား ၂ မျိုးစလုံးကိုတော့ လာမယ့်ဆောင်းဦး မှသာ မြင်ရနိုင်ပြီး ၂၀၂၃ မော်ဒယ် အတွက်ပဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ XM ကားအသစ်သာ ထွက်လာမယ် ဆိုပါက X 7 တို့က Flagship SUV နေရာကနေ ဆင်းပေးရနိုင်ပြီး အဆိုပါ ကား ၂ မျိုးလုံးကို အမေရိကန် ၊ ကယ်လိုရိုင်းနား တောင်ပိုင်းက Spartanburg စက်ရုံမှာ တည်ဆောက် ထုတ်လုပ် သွားတော့ မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

BMW ကတော့ နောက်ထပ် 7 Series G 70 ကားအသစ် တွေကိုလည်း ဓာတ်ဆီ အနေနဲ့ရော ၊ ဒီဇယ် အင်ဂျင်တွေ အနေနဲ့ပါ ကားသစ်တွေ အဖြစ် ထုတ်လုပ်ပေးသွားနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မသေ ချာသေးတာ ကတော့ ကုမ္ပဏီမှာ ရှိပြီးသား Sedan ကားတွေရဲ့ မျိုးကွဲ SUV တွေ အဖြစ် ထွက်လာမှာလား ဆိုတာကိုပါ။ အဆိုပါ ကားသစ် တွေရဲ့ အင်ဂျင်တွေ အကြောင်းကိုလည်း တစ်စွန်းတစ်စမျှ ပြောထားတာမျိုး မရှိသေးပေမယ့်လည်း Euro7 ရဲ့ စည်းမျဉ်း စည်းကမ်းအသစ်တွေနဲ့ ကိုက်ညီအောင် ပြုပြင် ထုတ်လုပ်ပေးမှာ ဖြစ်တယ်လို့တော့ ဆိုထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version