MyCars Myanmar

တရားဝင် ထွက်ပေါ်လာပြီဖြစ်တဲ့ 2023 BMW M4 GT4 ပြိုင်ကားအသစ် !

BMW ကတော့ M4 Coupe ရဲ့ နောက်ဆုံးသော မျိုးဆက်အပေါ် အခြေခံ ဖန်တီးထားတဲ့ GT 4 ပြိုင်ကား အသစ်ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။ ယခင် M4 GT3 ပြိုင်ကားလိုမျိုးပဲ အခု ကားအသစ်ကိုလည်း BMW ရဲ့ Customer Racing Program အတွက် ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။ ကားရဲ့ ဈေးကတော့ ယူ‌ရိုငွေနဲ့ 187,000 ခန့်ကျသင့်မှာဖြစ်ပြီး လာမယ့် ၂၀၂၃ အတွက် စတင် အော်ဒါမှာယူနိုင်ပါပြီ။ အခု ကားကိုတော့ အာရှ ၊ ဥရောပ နဲ့ မြောက်အမေရိက ဒေသတွေက အမျိုးမျိုးသော GT4 ပြိုင်ကားပွဲတွေနဲ့ ကိုက်ညီအောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် တွေ သက်သာစေဖို့ အတွက်လည်း လမ်းမထက် သာမန် မောင်းလို့ ရမယ့် M4 ကားဆီက အမျိုးမျိုးသောအစိတ် အပိုင်းတွေကို ပြန်လည် အသုံးပြုပေးထားပြီး အခြား သော အပိုင်းတွေကိုတော့ M4 GT3 ကားဆီက ပြန်သုံးပေးထား ပါတယ်။ ယခင် ကားအဟောင်းနဲ့ ယှဉ်မယ် ဆိုရင်တော့ မျိုးဆက်သစ် ကားသစ်ဟာ ပိုမြန်အောင် ကြိုးစားထားရုံတင် မကပဲ ပိုပြီး ယုံကြည်စိတ်ချရပြီး ပြန်ဆင်စရိတ် ပိုလည်း သက်သာတဲ့ ကားတစ်စီးအနေနဲ့ ထွက်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါ့အပြင် ကား ရဲ့ အချိုးအစားတွေ နဲ့ စက်ပိုင်း ဆိုင်ရာတွေကလည်း ယခင် ကားအဟောင်းတွေရဲ့ ပိုင်ရှင်တွေ ဆီက အကြံပြုချက်တွေကို သုံးကာ သေချာတိုးတက်အောင် လုပ်ပေးထားတာပါ။ အဓိက အရေးကြီးဆုံး သော အဆင့်မြှင့်တင်မှုကတော့ M Track Cockpit ဖြစ်ပြီး ကားရဲ့ Settings တွေ အကုန်လုံးကို အဆိုပါ Cockpit  တစ်ခု တည်း ကနေပဲ ကောင်းကောင်း ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ ကားကိုတော့ ယခင် M4 Road Car ဆီက Twin Turbocharged 3.0 Liter Inline-6 Engine ကိုပဲ သုံးပေးထားပြီး အမြင့်ဆုံး စွမ်း ဆောင်ရည်က 543 hp အထိ ရှိပါတယ်။ ဒီပမာဏ ကတော့ 2023 M4 CSL ကား နဲ့ တူပေမယ့် အခု ကား သစ်မှာကတော့ Gear က 7-Speed Automatic ဂီယာ ဖြစ်သွား ခဲ့ကာ ဒါကိုတော့ Motorsport တွေအ တွက် ဖန်တီးထားတဲ့ ZF ဆီက ရယူထားတာပါ။ ကား အနေနဲ့ နောက်ထပ် ပါဝင်လာတဲ့ တစ်ချက်ကတော့ Limited Slip Differential စနစ်ဖြစ်ပြီး ကားရဲ့ အအေး စနစ် နဲ့ Driveshaft တွေ အတွက် သီးသန့် အပူ ချိန်တွေ အမြဲတမ်း ရနေအောင် ဖန်တီးထားတာပါ။

Photo Credit: MotorAuthority

အခြားသော အဆင့်မြှင့်တင်မှုတွေ အနေနဲ့ ဆိုရင်တော့ ချိန်ညှိလို့ရတဲ့ KW Dampers တွေ ၊ H&R ရဲ့ Springs ၊ Anti-Roll Bars တွေ ၊ အရှေ့ နဲ့ အနောက်က Camber တွေ နဲ့ အတူ ပိုကောင်းလာတဲ့ Traction Control တွေ ပါဝင် လာတာ ပဲ ဖြစ်ပါတယ်။ အတွင်းခန်းမှာလည်းပဲ ကာဗွန် ဖိုက်ဘာ Racaro ပြိုင်ကား အတွင်းခန်း Set တစ်ခုလုံးကို အပြည့် သုံးပေးထားပြီး Function အစုံ ဖန်တီးလို့ရတဲ့ စတီယာ တိုင်နဲ့အတူ M Track Cockpit စနစ် တွေလည်း ထည့်ပေးထား တာပဲ ဖြစ်ပါတယ်။ GT 4 ကားတွေက တော့ ယခင်တုန်းက ထုတ်လုပ်ထားတဲ့ Standard ကားတွေရဲ့ အချက်အလက် တွေနဲ့ အတူတူလောက် ရနိုင်တာကြောင့် GT3 တွေ ထက်စာရင်တော့ ပိုပြီးလည်း ဈေးသက်သက်သာသာ ၊ စွမ်းဆောင်ရည် ကောင်း ကောင်း ရနိုင်တဲ့ ကားတွေပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version