MyCars Myanmar

ကားသစ် ကြိုတင်မှာယူနိုင်မှုတွေကိုတောင် ပိတ်သိမ်းလိုက်ပြီ ဖြစ်တဲ့ 2022 Mustang Mach-E !

နာမည်‌‌ကျော် ကားကုမ္ပဏီ ကြီး Ford ဆီကနေ လျှပ်စစ်ကားနဲ့ လျှပ်စစ် Truck ကားတွေကို စတင် ထုတ် လုပ်ပြီ ဆိုကတည်းက အားပေးတဲ့ ပရိသတ်တွေကလည်း ကုမ္ပဏီက ထုတ်နိုင်တဲ့ အားထက်တောင် ပိုပြီး ဝက်ဝက်ကွဲ အားပေးလာကြပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ Semiconductor Chip ပြားပြတ် လပ်မှု ပြဿနာ ၊ အခြားသော ကုန်ကြမ်းပြတ်လပ်မှုတွေကြောင့် ထုတ်လုပ်မှု နှောင့်နှေးတာ တွေကိုလည်း ယခင်ထက် ပိုကြုံတွေ့ လာခဲ့ရကာ Ford Mustang Mach-E နဲ့ F-150 Lightning လျှပ်စစ် ကားအသစ်တွေ အတွက်လည်း မှာယူထားသူတွေ အတော်လေး စောင့်ဆိုင်းနေကြရပါပြီ။ အခုလို ကုန်ကြမ်း ထောက်ပံ့မှု ပြတ်လပ်လာတာတွေ ကြောင့် ပြီးခဲ့တဲ့ နှစ်ကထက် စာရင် Mach-E ရောင်းအား ကျသွားတဲ့ အတွက် Premium နဲ့ California Route 1 Trim တွေ အတွက် ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းပဲ အမှာစာ တွေ ဆက်ပြီး လက်မခံ‌သေးကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လည်း အခု နောက်ပိုင်းမှာ တော့ ကား သစ် ကို မှာယူမှု‌တွေ ပြန်လည် မြင့်တက် လာတာကို ဝမ်းသာ ဖွယ်ရာ တွေ့ လိုက်ရပါတယ်။ ပိုဆိုးတာ လား ပိုကောင်းတာ လား မသိတာ ကတော့ မှာယူ သူတွေ က Ford ဘက်က တွက်ဆ ထားတာ ထက်တောင် အများကြီး များလာ ပြန်တာကြောင့် အခုဆိုရင် 2022 Ford Mustang Mach-E ကားသစ်တွေ ကို ဘယ်လို Trim အတွက်မှ မှာယူလို့ မရနိုင်တော့တာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

တကယ်လို့ Ford ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်ကို ဝင်ကြည့်ပြီး Mustang Mach-E ရောင်းပေးနေတဲ့ စာ မျက်နှာကို ကြည့်မယ် ဆိုရင်တော့ ကုမ္ပဏီဘက်ကနေ သတိပေးစာလေး တစ်ခု တင်ပေးထားတာ တွေ့ရပါ လိမ့်မယ်။ အဆိုပါ စာထဲမှာတော့ ဝယ်လိုအား မြင့်မားနေမှုတွေကြောင့် အခု ကားသစ်ကို မမှာယူနိုင်သေးပဲ သက်ဆိုင်ရာ အရောင်း ကိုယ်စားလှယ် တွေဆီမှာ လက်ကျန်‌တွေ ရှိနိုင်မရှိ နိုင်ကိုတော့ စုံစမ်းလို့ရဦးမှာ ဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ တုန်းကတော့ အဆိုပါ ကားသစ် အစီးရေ ၂,၃၆၃ စီး အထိ ရောင်းချခဲ့ ရပေမယ့် မနှစ်က ရောင်းအားနဲ့ ယှဉ်ရင် ၁၀.၄ % တောင်ကျဆင်းခဲ့ရကာ တစ်နှစ်လုံးစာနဲ့ ဆိုရင် တော့ ၃၇.၉ % လောက် အထိ ပိုမို ကျယ်ပြန့် လာခဲ့တာ တွေ့ရမှာပါ။ ဆိုလိုတာကတော့ Ford က လျှပ်စစ် ကားတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့တိုးချဲ့ရောင်းချနေနိုင်ပြီးထုတ်လုပ်မှု နှောင့်နှေးနေရတာကြောင့် သာ အခု ပထမသုံးလပတ် ကာလမှာ ထင်သလောက် မရောင်းနိုင် ခဲ့တဲ့သဘော ဖြစ်ပါတယ်။ တကယ့် လက် တွေ့မှာတော့ အမှာစာတွေ အတော်လေးကို မြင့်တက် များပြားလာ နေခဲ့တာ ကြောင့် Ford အနေနဲ့လည်း သူတို့ရဲ့ နာမည်ကျော် လျှပ်စစ်ကား အပေါ်မှာ ဈေးလျှော့ပေးတဲ့ Discount တွေပါ ပြုလုပ် ပေးလာသလို လာမယ့် ၂၀၂၃ ‌အရောက် မှာလည်း ကားအတွက် အပိုဘက်ထရီ ထောက်ပံ့ပေးနိုင်မှုကို ၂ ဆ တိုး ပေးနိုင်ဖို့ စီစဉ်ထားပါသေးတယ်။

Photo Credit: CARBUZZ

အခုလိုမျိုး ဘက်ထရီ ပမာဏတွေတင် တိုးတက် ထုတ်လုပ်လာတာ မဟုတ်ပဲ လာမယ့် ၂၀၂၃ အမှီ မက္ကဆီ ကို နိုင်ငံမှာ ရှိတဲ့ Ford Cuautitlan စက်ရုံမှာပါ Mach-E ကားသစ် အစီးရေ ၂၀၀,၀၀၀ လောက်အထိ တစ်နှစ်ကို ထုတ်လုပ် သွားနိုင် ဖို့ ရည်မှန်းထားပြီ ဖြစ်ပါတယ်။ အခုလိုမျိုး အရေအတွက်များများ အထိကို တိုးတက်ထုတ်လုပ်လာနိုင်တာမျိုး ကတော့ အချိန်ကောင်းပဲ ဖြစ်တယ်လို့ ဆိုနိုင်ပြီး အကြောင်းကတော့ လက်ရှိမှာ လျှပ်စစ်ကားတွေ ဆွဲဆောင်ရောင်းချနိုင်မှု နှုန်းက Ford မှာ ဆိုရင် ၅၁ % အထိကို ရှိလာနေလို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Ford ရဲ့ လျှပ်စစ် ကားတွေကို လူတွေပိုအလိုရှိလာကြတာ ဖြစ်ပြီး အထူးသ ဖြင့် Volvo ၊ Mercedes-Benz နဲ့ နာမည်ကျော် Tesla တို့‌ဆီက ပရိသတ် တွေကိုပါ Ford က ဆွဲဆောင်လာ နိုင်တယ်လို့ ဆိုရမှာပါ။ အခု လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကို ကောင်းကောင်း ကျော်ဖြတ်ပြီး Ford ရဲ့ Mustang Mach-E ‌ကားတွေကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပြန်လည် လည်ပတ် ရောင်းချ လာ နိုင်ဦးမယ် ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version