MyCars Myanmar

ဒေါ်လာ ၅ သောင်းခွဲ ခန့်ကစတင် ကျသင့်မယ့် 2022 Mercedes-Benz EQB လျှပ်စစ် Crossover အသစ် !

Mercedes-EQ, EQB, 2021; Electric Art Line, Farbe roségold; EQB 350 4MATIC (Stromverbrauch kombiniert: 16,2 kWh/100 km; CO2-Emissionen kombiniert: 0 g/km) // Mercedes-EQ, EQB, 2021; Electric Art Line, rose gold; EQB 350 (combined power consumption: 16.2 kWh/100 km, combined CO2 emissions: 0 g/km)

လျှပ်စစ် စွမ်းအင်သုံး ကားအသစ်တွေ ဘက်ကို အတော်လေး အားဖြည့်နေတဲ့ မာစီးဒီးတို့ ကတော့ အခုဆိုရင် လည်း နောက်ထပ် GLB-Class Electric Crossover တစ်စီး ဖြစ်တဲ့ EQB ကား ကိုမိတ်ဆက် ထားလိုက် ပြန်ပါပြီ။ အဆိုပါ ကားကိုတော့ $ 55,550 ဆိုတဲ့ အခြေခံ ဈေးနှုန်းနဲ့အတူ လာမယ့် နွေရာသီမှာ စတင် ဝယ်ယူနိုင် တော့မယ်လို့လည်း သိထား ရပါတယ်။ ဒါ့အပြင် Mercedes အနေနဲ့ကတော့ GLA-Class ပေါ် မှာ အခြေခံထားတဲ့ EQA ကား ကိုလည်း ထုတ်လုပ်လာဖို့ ရှိနေသေးပြီး အမေရိက ဈေးကွက်ထဲ အထိတော့ မရနိုင်သေးဘူးလို့ သိရပါတယ်။

                                                                Photo Credit: MotorAuthority

အခု EQB ကားသစ်ကိုတော့ ပြီးခဲ့တဲ့ ဆောင်းဦး ရာသီလောက်ကတည်းက ပြသခဲ့တာဖြစ်ပြီး 2022 Model အနေနဲ့ စတင် မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစပိုင်းတုန်းကတော့ EQB 300 နဲ့ EQB 350 Grade တွေ ပါလာမယ်လို့ သိထားရပြီးအခု ပြောပြထားတဲ့ ကြမ်းခင်းဈေးကတော့ EQB 300 Grade အတွက် ဖြစ်လာမှာပါ။ EQB 350 အတွက် ဆိုရင်တော့ လက်ရှိ ငွေကြေးတွေအရ ဆိုရင် $ 59,100 လောက်အထိ ပေးဆောင်ရနိုင်ချေ ရှိပါတယ်။ အဆိုပါ ကား Grade ၂ မျိုးလုံးမှာ တော့ 66.5 kWh ဘက်ထရီ တွေကို တပ်ဆင်ပေးထားပြီး လျှပ်စစ်မော်တာ ၂ လုံးနဲ့ All-Wheel Drive ကားတွေ ဖြစ်ကြပါတယ်။ ကားတွေ ရဲ့ EPA Range သတ်မှတ်ချက် ဘယ်လောက်တွေ ရှိတယ် ဆိုတာကိုတော့ မသိရသေးပေမယ့် မိုင် ၂၀၀ အထက် လောက်မှာတော့ ရှိလာနိုင်တာပါ။ ဒါ့အပြင် စွမ်းဆောင်ရည်ပိုင်းတွေ မှာတော့ EQB 300 ဆိုရင် 225 hp နဲ့ EQB 350 ဆိုရင်တော့ 288 hp တွေအထိ ရှိလာမှာ ဖြစ်ပါတယ်။

                                                                   Photo Credit: MotorAuthority

GLB-Class ကားတွေနဲ့ ယှဉ်ရင်တော့ အခု EQB ကားတွေက အရှေ့ရော အနောက်မှာပါ ဒီဇိုင်းပိုင်း ပိုကောင်းနေသလို မီးရောင် အသစ်နေရာတွေလည်း ပါဝင်လာပါတယ်။ အတွင်းခန်း ပိုင်းမှာလည်း ထိုင်ခုံကို ၇ မျိုးအထိ ပုံစံပြောင်းလို့ ရတာတွေ ၊ လမ်းညွှန် စနစ်တွေကအစ လျှပ်စစ်ကား တွေနဲ့ လိုက်ဖက်တဲ့ ခေတ်မှီ စနစ်တွေ ဖြစ်လာတာ ကတော့ သိသိသာသာ တိုးတက်လာတာပါပဲ။ ဒါ့အပြင် GPS Data တွေ ၊ လမ်းညွှန် စနစ်တွေကို မှတ်သား လာနိုင်တာတွေနဲ့ အခြားသော ကားတွေနဲ့ပါ ချိတ်ဆက် သတင်း ပေးပို့တာတွေ လုပ် လာနိုင်တာ ကတော့ မောင်းနှင်ရမှာ အတော်လေး တိကျမှုကို ပေးစွမ်းလာနိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် ဘယ်နေရာ အားသွင်းရမယ် ဆိုတာကိုပါ တစ်ခါတည်း လိုက်ပြီး ချိန်ညှိ ပေးသားဖြစ် နေနိုင်ကာ 10.25 လက်မ အရွယ် ရှိတဲ့  Instrument Cluster နဲ့  Infotainment System ကြီးကလည်း အတော်လေး ကောင်းတဲ့ AR Graphic တွေကိုကအစ ပြသပေးနိုင်‌မှာပဲ ဖြစ်ပါတယ်။ အမေရိက ဈေးကွက်ထဲကနေ အခု ကားကို ဝယ်ယူမယ့် သူတွေကတော့ Mercedes Me Change ဆိုတဲ့ အစီအစဉ် တစ်ခုကို ထူးထူးခြားခြား ရနိုင်မှာ ဖြစ်ပြီး အကန့်အသတ်မရှိ တစ်ခါသွင်းရင်  မိနစ် ၃၀ အခမဲ့အားသွင်းခွင့်ကိုလည်း Electrify America ရဲ့ ကွန်ရက်တွေမှာ အသုံးပြုခွင့် ရဦးမှာပါ။

Ref: MotorAuthority

Exit mobile version