MyCars Myanmar

ဇိမ်ခံ Truck ကားကောင်းကြီးတစ်စီး ဖြစ်တဲ့ 2022 GMC Sierra 1500 Denali Ultimate !

2022 GMC Sierra 1500 ကားသစ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက စတင်ချပြခဲ့ပြီး Ford F-150 နဲ့ ဈေးကွက်ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပါကားကို မချပြခင်မှာ GMC ကတကယ်တမ်း နည်းပညာမြင့် ဇိမ်ခံ Truck ကား ဆိုတာကတော့ Sierra Denali Ultimate ကားကြီးပဲဖြစ်တယ်လို့ ဖော်ပြ ထား ခဲ့ပါတယ်။ အဆိုပါကားကိုတော့ All-New Toyota Tundra Capstone ထက်တောင် သာတယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပြီး အခု နှစ် ကျင်းပနေတဲ့ ချီကာဂို ကားပြပွဲကြီးမှာတော့ အဆိုပါ Ultimate ကားသစ် ကြီးကို မြင်တွေ့လိုက်ရပြီ ဖြစ်ပြီး တကယ်လည်း အထင်ကြီးစရာတွေ ကောင်းလွန်းနေတာကို မြင်လိုက်ရ တာပဲ ဖြစ်ပါတယ်။ ကားကို စကြည့်လိုက်တာ နဲ့တင် ခန့်ညားတဲ့ အသွင်ကြီးကို စမြင်ရတာဖြစ်ပြီး Grille ကတော့ အတော်လေးကို ပိုကြီးနေခဲ့ကာ Chrome ကလည်း ယခင်ထက် ပိုလှတဲ့ အနက်ရောင် လေးဖြစ် လာခဲ့ပါတယ်။ LED Daytime Running Lights တွေကလည်း အတော် လေးကို ခန့်ညား လိုက်ဖက်လွန်း နေကာ အလားတူ အနက်ရောင် Effect တွေ ကလည်း ပိုကြီးတဲ့ ၂၂ လက်မ အရွယ် ဘီးတွေနဲ့ ပါ ကိုက်ညီ နေတော့တာ ဖြစ်ပါတယ်။ အရှေ့ ဘက်က GMC Logo ကိုလည်း Vader Chrome Finish အသွင် လေးနဲ့ တစ်မူထူးခြားအောင် ဖန်တီးပေးထားပြီး သာမန် GMC Models တွေမှာ မြင်နေကြ အနီရောင်ကြီး မဟုတ် တော့ ပါဘူး။ ကားရဲ့ အနောက်ဘက်မှာကတော့ Six-Way MultiPro Tailgate ကြီးကို တပ်ဆင်ပေးထား ပြီး ကားရဲ့ အသုံးအဝင်ဆုံးသော လုပ်‌ဆောင်ချက်တွေ အထဲက တစ်ခု ဖြစ်နေပါတယ်။ ကားရဲ့ အပြင်ပိုင်း မှာတင် ဆွဲဆောင်မှု ရှိနေတော့တာ မဟုတ်ပဲ အတွင်းခန်းကလည်း အတော်ကို အဆင့်မြင့် ခမ်းနားလွန်းနေ တာကို ဆက်ပြီးမြင်ရ ပါလိမ့်မယ်။ အဓိကကတော့ ဒီကားကြီး တစ်စီးလုံးရဲ့ အတွင်းရော အပြင်ပါ ကျယ်ဝန်း ကြီးမားလာမှုနဲ့ အရည် အသွေး မြင့်လာမှုက စကားပြောသွားတာပါ။

Photo Credit: CARBUZZ

Range အမြင့်ဆုံး ကားတစ်စီးလည်း ဖြစ်နေတာကြောင့် အခုကားကတော့ ၁၅ လက်မ အရွယ် Multicolor Head-Up Display ပါဝင်လာပြီး အနောက်ဘက်ကင်မရာ ၊ Leather Upholstery တွေနဲ့အတူအရှေ့ဘက် ခုံတွေမှာ လည်း အနှိပ် Function တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ သစ်သား Liner တွေ ၊ Microsuede Headliner တွေကလည်း အတော်လေးကို လိုက်ဖက်လွန်းနေပါတယ်။ ကားရဲ့အမိုးကတော့ Sunroof ဖြစ်ပေမယ့်လည်း Panoramic တော့ မဟုတ်သေးပဲ တစ်ခြားသော တန်းတူ ကားတွေနဲ့ ယှဉ်ရင် ဒီ တစ်ချက်မှာတော့ နည်းနည်း လိုသွားပါတယ်။ သေချာတာကတော့ အတွင်းခန်းက လယ်သာတွေ အပြင် အဆင်တွေ အားလုံးကို ကြည့်လိုက်ရင် Truck တစ်စီး ဆိုတာ ထက် ဇိမ်ခံ Sedan တစ်စီးရဲ့ အတိုင်းကိုပဲ မြင်ရမှာ ဖြစ်ပါတယ်။ တံခါး တွေရဲ့ အရှေ့ဘက်နဲ့ အောက်ဘက်က Panels တွေ ကတော့ ပလတ်စတစ် နဲ့ပဲ ဖြစ်ပေမယ့်လည်း ပလတ်စတစ်လို မခံစားရပဲ အဆင့်မြင့် Luxury Premium အဆင့်ကိုပဲ ခံစား‌ရစေမှာပါ။

Photo Credit: CARBUZZ

Infotainment အပိုင်း ကို ကြည့်ပြန်တော့လည်း ၁၃.၄ လက်မ အရွယ် Touchscreen Interface အပိုင်း ကိုမှ သုံးလို့ ပိုကောင်းတဲ့ Hard Button ခလုတ်တွေနဲ့ပါ တွဲပေးထားတာကြောင့် တကယ်ကို အဆင်ပြေ အဆင့်မြင့်လို့ နေပါတယ်။ ကား စတီယာတိုင်ရဲ့ အပေါ်ပိုင်းမှာကတော့ Super Cruise ဆိုတဲ့ အတိုင်းအတာ တစ်ခုအထိ အလိုအလျောက် မောင်းနှင်စနစ် အတွက် ထိန်းချုပ်နိုင်မယ့် ခလုတ်လေးတွေ ထည့်ပေးထားပါ သေးတယ်။ အနောက်ဘက် ကုန်တင် နေရာမှာ ဆိုရင်လည်း တကယ်ကို နေရာအကျယ်ကြီး မြင်ရမှာဖြစ်ပြီး အနောက်ဘက် ထိုင်ခုံကအစ Heated ထိုင်ခုံတွေ ဖြစ်သလို ခရီးသည် ခုံတွေကလည်း အရှေ့ ဘက်မှာလိုပဲ ဆွဲဆောင်မှုရှိတဲ့ လယ်သာ Upholstery တွေတပ်ဆင်ထားတာ ဖြစ်ပါတယ်။ အခုကားကြီးကတော့ ဘယ်လို ပဲ ကြည့်ကြည့် တကယ့်ကို ကုမ္ပဏီရဲ့ ပြောင်မြောက် လွန်းလှတဲ့ လက်ရာအဖြစ် ဖော်ပြနိုင်ပြီးတော့ ယခင် မြင်ခဲ့ရဖူးတဲ့ Denali ကားထက်ကို သိသိသာသာ ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အဆိုပါ ကားရဲ့ ဈေးနှုန်းကတော့ $ 80,000 ကျော် အထိကို ကျသင့်မှာပဲ ဖြစ်လို့ အတော်ကို တန်ဖိုးကြီး ဇိမ်ခံ Truck ကားကြီးပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version