MyCars Myanmar

677 hp နဲ့ ပွဲထွက်လာပြီဖြစ်တဲ့ 2023 Mercedes-Benz AMG EQE လျှပ်စစ် Super Sedan ကားအသစ် !

Mercedes-AMG EQE 53 4MATIC+ (Stromverbrauch kombiniert (vorläufig, WLTP): 23,2–20,3 kWh/100 km; CO2-Emissionen kombiniert (WLTP): 0 g/km; Elektrische Reichweite (vorläufig, WLTP): 444–518 km); Exterieur : opalithweiß bright; Interieur: AMG Leder Nappa schwarz // Mercedes-AMG EQE 53 4MATIC+ (combined electrical consumption (provisional, WLTP): 23.2–20.3 kWh/100 km; combined CO2 emissions (WLTP): 0 g/km; Electrical range (provisional, WLTP): 444–518 km); exterior: opalite white bright; interior: AMG nappa leather black

Mercedes-Benz EQS လျှပ်စစ် Hatchback ကားရဲ့ ပိုကောင်းတဲ့ အသွင်သစ်တစ်မျိုးကို ၂၀၂၂ အတွက် ချပြအပြီးမှာ တော့ ပိုသေးတဲ့ EQE ဆိုတဲ့ လျှပ်စစ် ကားသစ်တစ်မျိုးကိုပါ စတင်ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ အခု EQE အနေနဲ့ ကတော့ လျှပ်စစ်မော်တာ ၂ လုံးနဲ့ ပွဲထွက် လာခဲ့တာဖြစ်ပြီး ပုံမှန်ကားမှာ ဆိုရင်တော့ 617 hp နဲ့ 701 lb-ft Torque အထိရှိကာ Dynamic Plus Package မှာ ဆိုရင်တော့ 677 hp နဲ့ 738 lb-ft Torque အထိ ကိုစွမ်းဆောင် နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေကတော့ 53 Badge တံဆိပ်နဲ့ ထွက်လာ တာ ဖြစ်ပြီး အမေရိက ဈေးကွက် ပြင်ပအတွက် ဆိုရင်တော့ 43 Badge တံဆိပ်နဲ့ ‌နောက်ထပ် ကားမော်ဒယ်တစ်မျိုး ရွေးချယ်နိုင်သေးကာ 469 hp နဲ့ 643 lb-ft Torque အထိ စွမ်းဆောင် နိုင်မှာလည်း ဖြစ်ပါတယ်။

                                                                                              Photo Credit: MotorAuthority

သာမန် ကားမှာကတော့ တစ်နာရီမိုင် ၆၀ နှုန်း အရှိန်တင်နိုင်ဖို့အတွက် ၃.၄ စက္ကန့် လောက်သာ အချိန်ယူရပြီး အမြင့် ဆုံး မြန်နှုန်းကလည်း ၁၃၇ မိုင် အထိကို ရှိနေပါတယ်။ Plus Version‌ ကတော့ အဆိုပါ မြန်နှုန်းရဖို့ ဆိုရင် ၃.၂ စက္ကန့် ပဲ ကြာမှာဖြစ်ကာ အမြင့်ဆုံးကတော့ တစ် နာရီကို ၁၄၉ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ကားနှစ်စီးလုံးမှာကတော့ 90.6 kWh ဘက်ထရီကိုပဲ အတူတူ တပ်ဆင်ပေးထားတာကြောင့် Range အနေနဲ့ ကတော့ တစ်ကြိမ် အားသွင်းထားရင် မိုင် ၂၅၀ အထိကို မောင်းနှင် နိုင်ပါလိမ့်မယ်။ အဆိုပါ ကားသစ်တွေကိုတော့ ယခင် EQS Platform အတိုင်းပဲ ဖန်တီးထားတာ ဖြစ်ပြီး အားသွင်းနှုန်းကတော့ ၁၇၀ ကီလိုဝပ် လောက်အထိ ရှိမှာဖြစ်လို့ ၁၅ မိနစ် လောက် အားသွင်းရင်ကိုပဲ မိုင် ၁၀၀ လောက် မောင်းလို့ရမှာပါ။ Regenerative Break ဘရိတ် စနစ်ကိုလည်း ကောင်းကောင်း ထည့်သွင်းပေးလာ ပြီ ဖြစ်တာကြောင့် ယာဉ်မောင်းက လိုသလို ထိန်းညှိနိုင်မှာဖြစ်ကာ တစ်ချို့ Setting တွေမှာ ဆိုရင်တော့ ခြေနင်း တစ်ဖက်တည်းနဲ့တောင် မောင်းလို့ရမယ့် အထိ လွယ်ကူလာပါတယ်။ AMG အနေနဲ့ ထပ်ထည့်တာတို့ ပြင်ဆင်တာတို့ လုပ်ချင်သေးတယ် ဆိုရင်တော့ All-Wheel Drive စနစ်နဲ့ Suspension ပိုင်းတွေ ၊ လျှပ်စစ် မော်တာတွေမှာ အပြောင်းအလဲ လုပ်နိုင်ပါသေးတယ်။ AMG အရတော့ အခု သုံးထားတဲ့ မော်တာ တွေက သာမန်မော်တာတွေထက် ပိုကောင်းတဲ့ နည်းပညာတွေနဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

                                                                                           Photo Credit: MotorAuthority

ကားတွေရဲ့ အပြင်ပိုင်းကိုကြည့်မယ် ဆိုရင်တော့ သိသာပြီးသား AMG Cues တွေက ဆွဲဆောင်မှုရှိနေကာ အရှေ့ဘက် Fascia ကလည်း A-Wing Design ရှိနေပြီး ပိုကြီးတဲ့ဘီးတွေနဲ့ တာယာတွေကလည်း အတော်လေး လိုက်ဖက် နေပါတယ်။ သာမန် စတီး ဘရိတ်တွေအစား ကာ‌ဗွန် Ceramic Brake တွေ ကိုသုံးပေးထားပြီး ၂၁ လက်မ အရွယ် ဘီးတွေကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်းမှာက တော့ EQS ကားလို ပဲ ၁၂.၃ လက်မ အရွယ် Digital Gauge Cluster ကို ၁၂.၃ လက်မ အရွယ် Infotainment Screen နဲ့ ပေါင်းစပ် ပေး ထားပါတယ်။ ဒါပေမယ့်လည်း မာစီးဒီးရဲ့ ၅၆ လက်မ အရွယ် Hyperscreen ကြီးကိုလည်း ရွေးချယ်ရရှိနိုင်ပါသေးတယ်။ အဆိုပါ Screen ကြီးကတော့ Dashboard တစ်ခု လုံးအစအဆုံးကို Screen ၃ ခု ပေါင်းကာ ဖန်တီးထားတာ ဖြစ်ပြီး စတီယာတိုင် အတွက်ရော ၊ Drive Mode ရွေးဖို့ အတွက်ရော ၊ ‌တံခါးတွေ အတွက်နဲ့ အခြား လိုအပ်တာတွေ အတွက်ပါ အဆိုပါ Screen မှာပဲ အလုပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ Mercedes AMG အနေနဲ့ ကတော့ လျှပ်စစ် မော်တာတွေနဲ့ ပတ်သက်လာရင် အတော်ကောင်းတဲ့ အတွေ့အကြုံတွေ ရှိထားပြီး ယခင် စမ်းသပ်ချက် အရ ဆိုရင်လည်း စွမ်းဆောင်ရည် အကောင်းဆုံးအနေနဲ့ 740 hp အထိကို ရထားဖူးတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပိုကောင်း လာမယ့် နည်းပညာတွေနဲ့အတူ Formula One Program အထိလည်း လက်လှမ်းမှီ နိုင်ဖို့ ရှိနေပါသေးတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ Affalterbach Tuner အနေနဲ့ ကလည်း  ကိုယ်ပိုင် လျှပ်စစ်ကားတွေကို AMG သီးသန့် Platform ပေါ်မှာ အခြေခံပြီး ထုတ်လုပ်လာဖို့ ရှိနေသေးကာ လာမယ့် ၂၀၂၅ လောက်မှာ စတင် မြင်တွေ့လာရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version