MyCars Myanmar

201 hp စွမ်းဆောင်ရည်၊ 77 kWh ဘက်ထရီ တို့ပါဝင်လာမယ်ဆိုတဲ့ Volkswagen ID ကားသစ်!

လူတိုင်း စိတ်ဝင်စားနေကြတဲ့ Volkswagen ရဲ့ ID ကားအသစ်လေးကိုတော့ အခုကစလို့ လာမယ့်နှစ်ပတ် အရောက်မှာ တရားဝင် ချပြမိတ်ဆက် လာတော့မှာပါ။ အဆိုပါ ကားလေးကတော့ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ချပြခဲ့ဖူးတဲ့ Electric Microbus Concept ကားလေးရဲ့ နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်လို့ နေပါတယ်။ လက်ရှိမှာတော့ အဆိုပါ လျှပ်စစ် ဘက်စ်အသေးစား ကားလေးရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ နိုင်သေးပေမယ့်လည်း အခုဆိုရင်တော့ ဥရောပ ဈေးကွက်ထဲမှာ ရနိုင်မယ့် အဆိုပါ ကားရဲ့ အချက်အလက် တစ်ချို့ကိုတော့ ကုမ္ပဏီဘက်က ဖော်ပြလာခဲ့ ပါပြီ။ ဥရောပဈေးကွက်အတွက် ID.Buzz ကိုတော့ အခု မကြာမီ တရားဝင် မိတ်ဆက်ပြီးတာနဲ့ လာမယ့်နှစ် ဒုတိယ ပိုင်း လောက်မှာ စတင်ထုတ်လုပ်လာတော့မှာပါ။ Volkswagen ကတော့ အဆိုပါ ကားလေးကို ခရီးသည်တင်ဖို့ အတွက်ရော ၊ ကုန်ပစ္စည်း တင်ဖို့ အတွက်ပါ နှစ်မျိုးထုတ်လုပ်ပေးသွားမယ်လို့ ဆိုထား ပြီး 2,988 mm အထိရှိတဲ့ Short Wheelbase ပေါ်မှာ အခြေခံ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိက ဈေးကွက်မှာ ဆိုရင်တော့ အခုထက် ပိုရှည်တဲ့ ထိုင်ခုံ ၃ တန်းပါ မျိုးကွဲကို အပြင်ပိုင်း နှစ်ရောင်စပ် ဒီဇိုင်းမျိုးနဲ့ လာမယ့်နှစ်မှာ စတင်ရောင်းချ လာမှာပါ။

Photo Credit: motor 1.com

အခုဆိုရင်တော့ တစ်ချို့သိထားပြီး ဒွိဟဖြစ်စရာကောင်းနေသေးတဲ့ အချက်တွေကို VW ဘက်က အတည် ပြု ပေးလိုက်ပါပြီ။ ဒါကြောင့် ID.Buzz က Modular Electric Drive Kit ( MEB ) Platform ပေါ်မှာ အခြေခံ တည်ဆောက် ထားတယ် ဆိုတာရယ်၊ ID.3 နဲ့ ID.4 ကားတွေဆီက တစ်ချို့ အစိတ်အပိုင်းတွေ ယူ သုံးထားတယ် ဆိုတာကတော့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ 77 kWh Lithium Ion ဘက်ထရီ နဲ့အတူ မောင်းနှင်လာနိုင်မယ့် အဆိုပါ ကားသစ်ရဲ့ စွမ်းဆောင်ရည်ကတော့ 201 hp အထိကို ရှိနိုင်ပါတယ်။ အခုလ အစောပိုင်း တုန်းကတော့ အခု ကားကို စမ်းသပ် မောင်းနှင်မှု တစ်ချို့ရှိခဲ့ပြီး အဲ့ဒီတုန်းကတော့ နောက်ပိုင်းမှာ ပိုကောင်းပိုကြီးတဲ့ဘက်ထရီတွေပါ ထည့်သွင်းပေးသွားမယ်လို့ Volkswagen က ဆိုခဲ့ဖူးပါတယ်။ ဘက်ထရီ က အနာဂါတ်မှာ ဘယ်လောက် ကြီးလာမလဲ ဆိုတာ မသိရပေမယ့်လည်း စွမ်းဆောင်ရည် ပိုမြင့်တဲ့ လျှပ်စစ် မော်တာ ၂ လုံး တွဲကတော့ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိ အချိန်ထိကတော့ ကုမ္ပဏီဘက်ကနေ လျှပ်စစ် ကားသစ်ရဲ့ တရားဝင် Range ပမာဏတွေကို ‌မဖော်ပြထား သေးပါဘူး။

Photo Credit: CARBUZZ

အခုမြင်ရမယ့် Buzz ကားတွေမှာဆိုရင် ID ပဲ ဖြစ်ဖြစ် ID Buzz ပဲဖြစ်ဖြစ် ကုန်တင်ကားအနေနဲ့ ဆိုရင်တော့ အမြန် ဆုံးက တစ်နာရီကို မိုင် ၉၀ အထိ မောင်းနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည်တင်ကား ဘက်မှာ ဆိုရင်တော့ ခရီးသည် ၅ ယောက် လောက် ဝင်ဆံ့ပြီးတာတောင် ၃၉.၅၈ ကုဗပေ အထိကို ကုန်တင်ဖို့ ရနိုင်ပါသေးတယ်။ ကုန်တင် သီးသန့် ကားမှာ ဆိုရင်တော့  ထိုင်ခုံ ၃ သုံးသာ ပါဝင်ပြီး ပစ္စည်းတင်ဖို့ အတွက်ဆိုရင်တော့ 1,900 လီတာ လောက်အထိ ရနိုင် ပါတယ်။ ဒါ့အပြင် Volkswagen တို့ကတော့ အဆိုပါ ID.Buzz ကားသစ်တွေကို အနာဂါတ်အတွက်လည်း OTA Update တွေကနေတစ်ဆင့် ခေတ်မှီနေအောင်စီစဉ်ပေးထားပြီးအတွင်းခန်း အတွက် ‌ဆိုရင်တော့ လိုသလို စိတ်ကြိုက် ပြင်ဆင်နိုင်အောင်လည်း လုပ်ပေးထားမှာ ဖြစ်တယ်လို့ သိရပါ တယ်။ ဒါတင်မကသေးပဲ အခု လျှပ်စစ် ဘက်စ် ကားလေးရဲ့ထူးခြားချက်ကတော့ အိမ်ရဲ့ နေရောင်ခြည် စွမ်း အင်သုံး စနစ်နဲ့ ချိတ်ဆက်ကာ အိမ်ကိုတောင် မီး ပြန်ပေးနိုင်မယ့် Bidirectional Charging စနစ်ကိုလည်း ထည့်ပေးလာဖို့ များနေပါတယ်။ ဒါပေမယ့် အခု မြင်တွေ့ထားရတဲ့ ပုံတွေအရ ဆိုရင်တော့ ကားရဲ့ အရှေ့ ဘက်မှာ ပစ္စည်းထည့်ဖို့ Frunk နေရာလွတ်မပါလာပဲ အနောက်ဘက်ကိုပဲ ပိုအားစိုက်ထားပုံရတာ ဖြစ်ပါ တယ်။

Ref: motor 1.com

Exit mobile version